Get started with the Digital Transformation of your HR for (almost) free

Get started with the Digital Transformation of your HR for (almost) free
02 December 2020
2:00 PM - 3:00 PM
Zoom
0.00 USD for member 0.00 USD for non-member

ကုန်ကျစရိတ် ထိရောက်စွာဖြင့် သင့်ကုမ္ပဏီတွင်း ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုကို ဒစ်ဂျစ်တယ်ပေါ်သို့ပြောင်းလဲခြင်း။

ကုမ္ပဏီများသည် COVID-19 အခြေအနေကြောင့် ဒီဂျစ်တယ် ပြောင်းလဲမှုကို မဖြစ်မနေအသုံးပြုရသော အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ကုမ္ပဏီအဖွဲ့အစည်းတော်တော်များများအတွက် ခက်ခဲသည်မှာ ဒီဂျစ်တယ်စနစ်ကို မည်သည့်အချိန်တွင် ပြောင်းလဲရမည် ဆိုသည်ထက် မည်ကဲ့သို့ပြောင်းလဲရမည်ကို မသိကြခြင်းဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့်လည်း ထိုကဲ့သို့ပြောင်းလဲမှုများပြုလုပ်ချိန်တွင် ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့် နည်းပညာကို ရွေးချယ်နိုင်ရေးအတွက် စဉ်းစားရကြပ်ကြပါသည်။

သို့ရာတွင် ဒီဂျစ်တယ် ပြောင်းလဲမှုသည် နည်းပညာတခုတည်းနှင့်သက်ဆိုင်သည်မဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပြောင်းလဲပြီး၊ နည်းပညာကို နားလည်အသုံးပြုလိုမှု နှင့်လည်းသက်ဆိုင်ပါသည်။

အဖွဲ့အစည်း၏ပင်မထောက်တိုင်ဖြစ်သော ဝန်ထမ်းများအတွက် ဦးစားပေးကာ ဝန်ထမ်းတိုင်း အသုံးပြုနိုင်ပြီး အပြန်အလှန်ဆက်သွယ်မှုအတွက် ဒီဂျစ်တယ် ပြောင်းလဲမှုကို HR Function မှ စတင်ကြည့်ရအောင်။ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်ကိုပြန်လည်သုံးသပ်ခြင်း (သို့) ခွင့်ယူခြင်းများကို ရုံးပိုင်းစီမံခန့်ခွဲခြင်းဆိုင်ရာ (Admin) လုပ်ငန်းများတွင် ဝန်ထမ်းများ၏ အချိန်ကုန်သက်သာစေရန် နည်းပညာကိုအသုံးပြုခြင်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် မြင့်မားသည်ဟု ထင်မြင်ရဖွယ်ရှိပါသည်။

ထို့ကြောင့်ပုံမှန်သမားရိုးကျ ရုံးလုပ်ငန်းများကို စာရွက်များဖြင့်မှတ်တမ်းတင်သိမ်းဆည်းခြင်းက ကာလတိုအတွက် ကုန်ကျစရိတ်ပိုသက်သာမည် ဖြစ်သော်လည်း ရိုးရှင်းသော ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုခြင်းသည် ကာလရှည်တွင် အခြားသော အပိုကုန်ကျစရိတ်များကို မကုန်ကျစေရန်တားဆီးပေးနိုင်ပြီး အဖွဲ့အစည်းပိုမို ကြီးမားလာသောအခါ ပို၍ကျယ်ပြန့်သော ဒီဂျစ်တယ် ပြောင်းလဲမှုများအတွက် ပထမဆုံးခြေလှမ်းလည်း ဖြစ်လာနိုင်ပါသည်။ အကယ်၍ Digital Working Culture အတွက် ပထမဆုံးခြေလှမ်းကို ယခုပဲ စတင်တည်ဆောက်နိုင်သည်ဟုဆိုလျှင် အံ့သြသွားပါမည်လား။ ဖန်တီးရာ ကို စတင်တည်ထောင်စဉ်ကပင် ခိုင်မာသော ဒစ်ဂျစ်တယ်လုပ်ငန်းခွင် ယဉ်ကျေးမှုကိုပါ ထည့်သွင်းထားပါသည်။ အွန်လိုင်း ဒီဂျစ်တယ်နှင့်ပတ်သတ်သော သက်ဆိုင်ရာ ပလက်ဖောင်းများ အသုံးပြုခြင်းသည် ကျွန်ုပ်တို့လုပ်ငန်းခွင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းခွင်တွင် Googlesuite, Trello, Slack, Notion, Airtable, Miro...များကဲ့သို့ အလုပ်အတွက်အထိရောက်သော Digital Application များကို အသုံးပြုတတ်စေရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးထားပါသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များအတွက်ရည်ရွယ်သော ဤဆွေးနွေးပွဲတွင် ကျွန်ုပ်တို့ ဖန်တီးရာ HR မန်နေဂျာနှင့် Start-Up နည်းပြများက Digital tools ကို သုံး၍ သင်၏ HR လုပ်ငန်းစဉ်များအတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုကာ မည်သို့စတင်လုပ်ဆောင်နိုင်မည်ကို ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

  • လုပ်ငန်းဖြစ်စဉ်များကို သေချာစဉ်းစားပြီး အရေးကြီးသော လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်ပေါ်သို့ ပြောင်းလဲခြင်း။
  • အချိန်ကုန်သက်သာစေသော Digital Tools များ
  • လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားသင့်သော အချက်များ
  • အမေး အဖြေ ကဏ္ဍ

(ဆွေးနွေးပွဲကို မြန်မာဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။)

ဟောပြောမည့်သူများ။

ဖြိုးစန္ဒာဝိန် (ဖန်တီးရာ တွင် People Lead Manager)

မဖြိုးစန္ဒာဝိန် သည် ဖန်တီးရာ မှ People Lead Manager ဖြစ်ပြီး Administrative, HR operation နှင့် Human Resources Development ပိုင်းတို့တွင် ၇ နှစ်ကျော် အတွေ့အကြုံ ရှိကာ စီးပွားရေးလုပ်ငန်းလိုအပ်ချက်များကို လက်တွေ့ကျကျနားလည်သူတဦးဖြစ်ပါသည်။ သူမသည်နေ့စဉ် HR လုပ်ငန်းစဉ်လည်ပတ်မှုများ၊ အလုံးစုံ စုဆောင်းရေးနည်းဗျူဟာကိုအကောင်အထည်ဖော်ရန်၊ ဖန်တီးရာ ဝန်ထမ်းများ၏ တန်ဖိုးမြှင့်တင်ရန်၊ မဟာဗျူဟာနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရန် တာဝန်ယူထားပါသည်။ သူမသည် ဖန်တီးရာ ၏ ဝန်ထမ်းရေးရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များဖြစ်သော စီမံခန့်ခွဲမှုနှင့် ဦး ဆောင်မှုအစီအစဉ် (Management and Leadership program) နှင့် Young Professional Program (YPP) တို့ကိုလည်း နောက်ကွယ်မှ ပံ့ပိုးပေးနေသူတဦးလည်း ဖြစ်သည့် အပြင် ဖန်တီးရာ Management Team ၏ တစိတ်တပိုင်းလည်း ဖြစ်ပါသည်။

စိုးသီဟ (ဖန်တီးရာ တွင် Entrepreneur in Residence & Startup Coach)

နည်းပညာကို စိတ်ဝင်စားကာ လုပ်ငန်းများတွင် နည်းပညာကို ထည့်သွင်းအသုံးချရန် စိတ်ဝင်စားသော ကိုစိုးသီဟ သည် NUS ၌ ပညာသင်ကြားနေစဉ်အချိန်မှစကာ စွန့်ဦးတီထွင်မှုခရီးကို စတင်ခဲ့ပါသည်။ ဆွီဒင်နိုင်ငံတွင် မဟာဘွဲ့အတွက်လေ့လာနေစဉ် Silicon Valley အခြေစိုက်ကုမ္ပဏီတစ်ခုအတွက် Cloud Integrator အဖြစ် အဝေးမှ အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာပြီးနောက်တွင် နည်းပညာကုမ္ပဏီနှစ်ခုကိုတည်ထောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သောအတွေးအမြင်များရရှိစေနိုင်ရန် ရန်ကုန်မြို့ရှိ Start-up လုပ်ငန်းများတွင်လည်း လအတန်ကြာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါတွင် ကိုစိုးသီဟသည် ဖန်တီးရာ၌ နည်းပညာ ဆန်းသစ်တီထွင်မှု ဂေဟစနစ်ပံ့ပိုးပေးမှု ဆိုင်ရာလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်။ နည်းပညာကို လုပ်ငန်းများအတွင်း၌ အကျိုးရှိရှိ အသုံးချနိုင်ရန် ပံ့ပိုးပေးမှုများကိုလည်း လုပ်ဆောင်လျှက်ရှိပါသည်။

 

COVID-19 brought a sense of urgency when it comes to Digital Transformation. For many organizations, the question is not 'When ?' anymore, but 'How ?'. And often, they are overwhelmed by the choice of technologies that can help them save money, better understand their environment and/or expand their reach.

But Digital Transformation is not about technology. Digital Transformation is about change. A change of mindset supported by an understanding of technology.

And what better place to start than at the core of the organization, with a function that interacts with every employees : The HR function.For SMEs, the cost of using technology to save the employees valuable time on admin tasks such as reviewing performance or managing leaves, may be dissuasive. Often the paper process works just fine. But what if giving the taste of simple digital tools was the first step for bigger Digital Transformation projects. What if this was the first step in building a Digital Working Culture ? Phandeeyar has a strong digital working culture since its creation. The adoption of online Digital Tools has always been part of its way of working. Googlesuite, Trello, Slack, Notion, Airtable, Miro... all Phandeeyar staff are encouraged to find the most effective tools for their job.

In this webinar targeted at Small and Medium Organization, our HR Manager and our Start-Up Coach will explain how you can start your digital journey by streamlining bit by bit your HR processes using Googlesuite.- What a Digital Working culture means to Phandeeyar

- Think in terms of processes, digitalize what matters to you

- Tools that save tons of time

- Security consideration

- Alternative to googlesuite

 - Q&A

Speakers:

Phyo Sandar Wain, People Lead Manager at Phandeeyar

Ms. Phyo Sandar Wain is the People Lead Manager at Phandeeyar who has over 7 years working experience in administrative, HR operation and Human resources development with practical understanding of business needs. She is responsible for Day-to-day HR operations, implementing the overall recruiting strategy and to promote the Phandeeyar employee value proposition, and supporting the overall people strategy and organizational development. She is also the driving force behind Phandeeyar’s people development programs such as Management and Leadership program (M&L) and Young Professional Program (YPP), etc. The People Lead Manager is part of Phandeeyar’s Operations Group (Management Team).

Soe Thiha, Entrepreneur in Residence & Startup Coach at Phandeeyar

With a passion and keen interest for technology, Soe Thiha started his entrepreneurship journey during his bachelor studies at NUS where he took up a minor in technology entrepreneurship. While doing his Masters in Sweden, he worked remotely as a cloud integrator for a Silicon Valley-based firm. After coming back to Myanmar, he founded two tech startups. Later he got involved in a few initiatives to gain more insights about the startup ecosystem in Yangon. Now, inspired by his startup coach from MaGIC accelerator program based in Malaysia, he has joined Phandeeyar Accelerator to support up-and-coming tech startups. 

Partners