Canal+ and MPT Launch MyCanal Mobile TV App

Canal+ and MPT Launch MyCanal Mobile TV App

Our member, Pay-TV provider Canal+ and telecom operator MPT recently announced a partnership to provide MPT customers with access to nine pay-TV and two free-TV channels via the myCanal mobile app.

For a launching price of K800 per week, MPT customers will be able to access fully localized content including a variety of premium Canal+ Original Production TV series, live sports, movies, music videos and entertainment and edutainment programs.

Channels available via the app include Canal+ Zat Lenn, Canal+ Action, Canal+ Mae Madi, Canal+ Pu Tu Tue, Canal+ Cha Tate, Canal+ Sports, Canal+ Suu Sann, Canal+ Gita, Canal+ Ha Ha, MRTV-4 and Channel 7.

“By partnering with Canal+, we will be able to offer easy access to world-class entertainment at a very affordable price. We also believe that Canal+ will invest in local content to meet the varied demands of Myanmar viewers,” said Mr. Reizo Umeda, Chief Commercial Officer of MPT-KSGM Joint Operations.

The launching price of K800 per week is valid until February 14, 2020. Thereafter, the price will be K999 per week.

“The two teams are sharing the same vision to always innovate by delivering new services to subscribers and offering them an opportunity to watch TV anytime, anywhere through MPT and myCanal,” said Mr. Erwan Luherne, Chief Executive Officer of Canal+ Myanmar FG.

The myCanal mobile app is available to download from Google Play Store: https://goo.gl/oncZGP and Apple App Store: https://goo.gl/3WRAqN.

ရုပ်သံလိုင်းစီစဉ်တင်ဆက်သည့် CANAL+ နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် MPTတို့ပူးပေါင်း၍ MPT ဆင်းမ်ကတ်အသုံးပြုသူများ အားလုံးအတွက် အခပေး အထူးရုပ်သံလိုင်း ၉ လိုင်းနှင့် အခမဲ့ ရုပ်သံလိုင်း နှစ်လိုင်း တို့ကို myCANAL Myanmar မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ကြည့်ရှုခွင့်ရမည့် အစီအစဉ်တစ်ရပ်ကို နိုဝင်ဘာလ ၁၄ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။

ဒီဂျစ်တယ် မိုဘိုင်းလ်ဖျော်ဖြေရေး အက်ပလီကေးရှင်း myCANAL Myanmar မှ တစ်ဆင့် MPT အသုံးပြုသူများ နှင့် မြန်မာရုပ်ရှင်ချစ်သူများသည် ရုပ်ရှင်ဇာတ်ကားကောင်းများ နှင့် ဇာတ်လမ်းတွဲများကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

myCANAL Myanmar မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည့် အထူးရုပ်သံလိုင်းများမှာ CANAL+ ZAT LENN (ဇာတ်လမ်း)၊ CANAL+ SPORTS (အားကစား)၊ CANAL+ ACTION (အက်ရှင်)၊ CANAL+ MAE MADI (မယ်မဒီ)၊ CANAL+ SU SANN (စူးစမ်း)၊ CANAL+ GITA (ဂီတ)၊ CANAL+ HA HA (ဟဟ)၊ CANAL+ CHATATE (ချာတိတ်)၊ CANAL+ PUPTUTUE (ပူတူတူး) နှင့် အခမဲ့ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 နှင့် Channel 7တို့ဖြစ်သည်။

“CANAL+ နဲ့ ယခုလို လက်တွဲ ပူးပေါင်း လိုက်တဲ့အတွက်အဆင့်မြင့် ဖျော်ဖြေရေး အစီအစဉ်တွေကို အလွန်သက်သာ တဲ့ဈေးနှုန်းတွေ နဲ့ လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် အခွင့်အရေးကို ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ CANAL+ အနေနဲ့လည်း မြန်မာ ပရိသတ်တွေရဲ့ အကြိုက်ကိုသိရှိပြီး အမျိုးအစားစုံလင်လှတဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို ပိုမို တိုးမြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု MPT – KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောသည်။

MPT အသုံးပြုသူများသည် တင်ဆက်ပေးနေသော ရုပ်သံလိုင်း ၉လိုင်းနှင့် အခမဲ့ ရုပ်သံလိုင်း ၂လိုင်းကို တစ်ပတ်လျှင် ၈၀၀ကျပ်ဖြင့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအထိ ကြည့်ရှုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပုံမှန်ဈေးနှုန်းဖြင့် တစ်ပတ်လျှင် ၉၉၉ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

“ကျွန်တော်တို့နှစ်ဦးနှစ်ဖက်လုံးက သုံးစွဲသူတွေအတွက် MPT နဲ့ myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းက တစ်ဆင့် အချိန်မရွေး၊ နေရာမရွေးတီဗီအစီအစဉ်တွေ ကိုကြည့်ရှုနိုင်မယ့် အခွင့်အရေးကို သာမကပဲ နောက်ထပ် နောက်ထပ် ဝန်ဆောင်မှုအသစ်တွေကိုလည်း အစဉ်အမြဲ တီထွင်ကြံဆပြီးပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု CANAL+ Myanmar FG ၏ Chief Executive Officer ဖြစ်သူ Mr. Erwan Luherne က ပြာသည်။

myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းကို ယခုဆိုလျင် Google Play Store https://goo.gl/oncZGP နှင့် Apple App Store https://goo.gl/3WRAqN မှ တစ်ဆင့် ဒေါင်းလုတ်ဆွဲရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Canal+ Myanmar

Author: 

Le Monde