French Chamber of Commerce to organize the “#COMETOMYANMAR video contest 2019”

French Chamber of Commerce to organize the “#COMETOMYANMAR video contest 2019”

ENGLISH FOLLOWS

ပြင်သစ်မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကြီးမှုးကျင်းပမည့် “၂၀၁၉ ခုနှစ်အတွက် #COMETOMYANMAR ဇာတ်လမ်းတို ပြိုင်ပွဲ”

ရန်ကုန်မြို့ - ပြင်သစ်မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့် Myanmar Tourism Marketing Association နှင့် ပူးပေါင်း #COMETOMYANMAR Video Contest 2019 (“၂၀၁၉ ခုနှစ်အတွက် #COMETOMYANMAR ဇာတ်လမ်းတို ပြိုင်ပွဲ”) ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ရန်စီစဉ်ပြီး ယခုအချိန်တွင် ပြိုင်ပွဲဝင်လျှောက်လွှာများ လက်ခံနေပြီဖြစ်သည်။

ယခုပြိုင်ပွဲသည် ပြင်သစ်မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၏ Tourism Committee မှ စီစဉ်သော ပထမဆုံးခြေလှမ်း ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများသာမက ခရီးသွားကဏ္ဍမှ ပညာရှင်များအား တပေါင်းတစည်းတည်း မြန်မာ့ခရီးသွားကဏ္ဍပုံရိပ်ကို ၀ိုင်းဝန်မြှင့်တင်ကြမည့် ပွဲလည်းဖြစ်သည်။ယခုပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် Seagram Myanmar နှင့် FMI Decaux နှင့် တို့မှ အဓိက ကူညီပံ့ပိုးပေးထားပြီး ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု ကျဆင်းသွားသည်နှင့် စပ်လျဉ်း မြန်မာနိုင်ငံအား ကမာ့ခရီးသွားများမှ ပိုမိုသိရှိ လာရောက်လည်ပတ်စေရန်အတွက်ဖြစ်သည်။

ပြိုင်ပွဲအတွက် မြန်မာနိုင်ငံသားများသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များမှ မြန်မာနိုင်ငံ၏ နိုင်ငံခြားသာခရီးသည်များ လာရောက်လည်ပတ်ရန် မည်သည့်အရာများက ဆွဲဆောင်နေသည်ကို သုံးမိနစ်စာ ဇာတ်လမ်းတိုတစ်ပုဒ်အနေဖြင့် ဖန်တီးရိုက်ကူး ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ဒါကြောင့်လည်း ကျွန်တော်တို့က hashtag #cometomyanmar ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။” ဟု ပြင်သစ်မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၏ အမှုဆောင်ဒါရိုက်တာ Mr. Guillaume Rebiere မှ ရှင်းလင်းပြောကြားခဲ့သည်။ “ယှဉ်ပြိုင်သူများက မြန်မာနိုင်ငံရဲ့ ပြိုင်ဘက်ကင်း အလှအပများကို ဖော်ထုတ်ပြသရမှာ ဖြစ်ပါတယ်။ ဒီလို ပြသတဲ့အတွက် မြန်မာနိုင်ငံသားများရဲ့ ဖော်ရွေမှုတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး နိုင်ငံခြားခရီးသွားများကိုလည်း ပိုမိုဖိတ်ခေါ်နိုင်မှာ  ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပြည်သူများဟာ အမှန်တကယ်ကိုလည်း ရင်းနှီးဖော်ရွေမှု အရှိဆုံး ဖြစ်ပြီး ထိုအချက်ကပဲ မြန်မာနိုင်ငံကို ပိုမိုထူးခြားစေပါတယ်။ မြန်မာလူမျိုးများက နိုင်ငံခြားခရီးသွားများအပေါ် ပွင့်လင်းဖော်ရွေစွာ ဆက်ဆံတတ်ကြတာ ဆိုတဲ့ သတင်းစကားလေးကိုပါးချင်တာပါ။” ဟုလည်း ဆက်လက်ပြောကြားသွားသည်။

ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ ပြိုင်ပွဲဝင်လျှောက်လွှာများနှင့် ဗီဒီယိုများကို လက်ခံသွားမည် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများ အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အောက်ပါခေါင်းစဉ်လေးခုအနက် တစ်ခုနှင့်ဆီလျော်သော ပြိုင်ပွဲဝင်ဇာတ်လမ်းများကို ပေးပို့ရမည် ဖြစ်သည်။

-ကြိုဆိုပါ၏ ဆု - ခေါင်းစဉ်အောက်တွင် ယှဉ်ပြိုင်သူများသည် မြန်မာလူမျိုးများ၏ ပျူငှာမှု၊ ချိုသာသော အပြုံးများနှင့် ရင်းနှီးဖော်ရွေမှုများကို တင်ပြပေးရမည် ဖြစ်သည်။ အဓိက ပေးချင်သော သတင်းစကားမှာ “မြန်မာနိုင်ငံမှ သင့်ကို ကြိုဆိုလျက်ပါ” ဟူ ဖြစ်သည်။

-ထူးခြားမှုများနှင့် မြန်မာပြည် ဆု - ခေါင်းစဉ်အောက်တွင် ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ယှဉ်လျှင် မည်သို့ထူးခြားသည်များကို တင်ပြပေးရမည် ဖြစ်သည်။ အဓိက ပေးချင်သော သတင်းစကားမှာ “နေရာမှ လွဲ အခြားမရှိ” ဟူ ဖြစ်သည်။

-အသစ်အသစ်သော ဆု - ခေါင်းစဉ်အောက်တွင် ယှဉ်ပြိုင်သူများသည် ပြောင်းလဲလာသော မြန်မာနိုင်ငံအနေဖြင့် ပိုမို မျက်စိပွင့်နားပွင့်လာပြီး တီထွင်ဆန်းသစ်မှုများကို မည်သို့ ကြိုဆိုနေပြီဖြစ်ကြောင်းကို တင်ပြပေးရမည် ဖြစ်သည်။ အဓိက ပေးချင်သော သတင်းစကားမှာ “ယခုအချိန်က အနာဂတ်ဖြစ်သည်” ဟူ ဖြစ်သည်။

-မြန်မာနိုင်ငံတွင်း နေ့ရက်များ ဆု - ခေါင်းစဉ်အောက်တွင် ယှဉ်ပြိုင်သူများသည် နေထိုင်မှုပုံစံအမျိုးမျိုး၊ ရှုခင်းအမျိုးမျိုး၊ ဓလေ့ထုံးစံများ၊ အစားအသောက်များ၊ သယံဇာတများ နှင့် လူမျိုးများ အပေါ် အခြေခံ ယနေ့ခေတ် မြန်မာနိုင်ငံတွင် နေထိုင်ရသော အခြေအနေများကို တင်ပြပေးရမည် ဖြစ်သည်။ အဓိက ပေးချင်သော မက်ဆေ့ခ်ျမှာ “အရောင်အသွေး စုံလင်သော ပြည်ထောင်စု” ဟူ ဖြစ်သည်။

ဆု လေးဆု အတွက် အနိုင်ရရှိသူများကို ခရီးသွားလာရေးနှင့် ရုပ်သံကဏ္ဍမှ ပညာရှင်များ ပါဝင်သော အကဲဖြတ်အဖွဲ့မှ ရွေးချယ်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ဝေဖန်သူများနှင့် ရုပ်ရှင်ချစ်ပရိတ်သတ်များ၏ ချီးကျူးခြင်းကို ခံခဲ့ရသော “ဒုဋ္ဌ၀တီကို ကျော်လွန်” ရုပ်ရှင်ကားကြီး ဖန်တီးရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုအာကာဝင်း မှလည်း အကဲဖြတ်အဖွဲကို ဦးဆောင်ပေးသွားမည် ဖြစ်သည်။

အကဲဖြတ်အဖွဲ့တွင် Seagram Myanmar မှ General Manager ဖြစ်သူ Mr. Matthieu Glorieux, Myanmar Tourism Marketing Association မှ Joint Secretary ဖြစ်သူ ဒေါ်ဖြူဖြူမာ၊ Inle Lake မှ ဥက္ကဋ္ဌ ဒေါ်ယဉ်မျိုးစု၊ Exo Travel မှ Managing Director ဒေါ်စုစုတင်၊ Accor မှ Country Representative ဖြစ်သူ Mr. Philippe Battlé ၊ Canal+ Myanmar မှ အထွေထွေမန်နေဂျာ Mr. Erwan Luherne နှင့် Akhuka Production တွဲဖက်တည်ထောင်သူ Mr. Jeremy Damloup တို့မှ အသီးသီး ပါဝင်ကြမည် ဖြစ်သည်။

အနိုင်ရရှိသူ လေးဦးအပြင် နောက်ဆုံးဆုကြီးတစ်ဆုအတွက်လည်း အကဲဖြတ်အဖွဲ့မှ ရွေးချယ်ပေးသွားမည်ဖြစ်သည်။

Grand Prize ဆုကြီးအတွက် အနိုင်ရရှိသူမှာ…

  • နာရီ၂၀ ကြာမြင့်မည့် အခြေခံရုပ်ရှင်ရိုက်ကူးခြင်းဆိုင်ရာ သင်တန်းကို  The Academy Fame Gate Studio စကာင်္ပူတွင်တက်ရောက်ခွင့်၊
  • စကာင်္ပူလေကြောင်းလိုင်း Singapore Airlines မှချီးမြှင့်သော ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွား၊အပြန်ခရီးအတွက် လက်မှတ်တစောင်၊
  • Canon Myanmar မှချီးမြှင့်သော ဇာတ်လမ်းတိုများ ရိုက်ကူးနိုင်သော EOS-80D အမျိုးအစား ကင်မရာတလုံး၊
  • The Strand Cruise မှချီးမြင့်သော မနက်စာ၊နေ့လည်စာနှင့် ညစာတို့ ပါဝင်သော လူ၂ယောက်စာအတွက် ၂ညတာ ဇိမ်ခံသဘောင်္ကြီးပေါ်တွင် လိုက်ပါစီးနင်းခွင့်၊
  • Memories Group မှ ချီးမြှင့်သော အင်းလေးဒေသ (သို့မဟုတ်) ပုဂံဒေသတွင် လူ၂ယောက် ၁ကြိမ် မိုးပျံပူပေါင်းစီးခွင့်၊
  • Hilton မှချီးမြှင့်သော Hilton Ngapali တွင် ၂ယောက်စာ ၁ညတာ ၁ကြိမ် တည်းခိုခွင့်၊
  • Accor Group မှချီးမြှင့်သော Novotel Yangon Max တွင် ၂ယောက်စာ ၁ညတာ ၁ကြိမ် တည်းခိုခွင့်၊
  • Lotte Hotel မှ ချီးမြှင့်သော Lotte Hotel Yangon တွင် ၂ယောက်စာအတွက် မနက်စာ အပါအ၀င် ၁ညတာ ၁ကြိမ် တည်းခိုခွင့်၊
  • Le Planteur မှချီးမြှင့်သော Le Planteur ရန်ကုန် စားသောက်ဆိုင်တွင် ၂ယောက်စာ ညစာ၁ကြိမ် သုံးဆောင်ခွင့်၊
  • Canal+ Myanmar မှ ချီးမြှင့်သော Canal+ TV Box တခုနှင့် ၆လတာ အခမဲ့ကြည့်ရှုခွင့်။

အစရှိသော ရင်ခုန်ဖွယ်ရာ ဆုလက်ဆောင်များကို ခံစားခွင့် ရှိမည်ဖြစ်သည်။

ပြိုင်ပွဲဝင်သူများအားလုံးသည် လူမှုကွန်ယက်ပေါ်မှ ရရှိသော မဲအရေအတွက်အပေါ် မူတည် ပြည်သူလူထုမှ ရွေးချယ်သော ဆုကိုလည်း အရွေးခံခွင့်ရှိသည်။

ခေါင်းစဉ်တစ်ခုချင်းစီအတွက် ဆုရရှိသူ ငါးဦးအာ့း  ဆုများအတွက်ကို Accor Group, Canal+, Canon, Excelsior Yangon, Hilton Ngapali, Hotel G, Hotel Thanakha, Inya Lake Hotel, Le Planteur, Lotte Yangon, Melia, Memories Group, Mercure Kaba Aye, Novotel Inle, Novotel Yangon Max, Pullman Mandalay, Pullman Yangon, Singapore Airlines, Sofitel Inle, The Strand Cruise, The Strand, နှင့် Yangoods တို့မှလည်း ပူးပေါင်းပါဝင်ကူညီထားပါသည်။

ပြိုင်ပွဲပြီးဆုံးသွားသည့် နောက်တွင်လည်း မြန်မာနိုင်ငံကို ခရီးသွားနိုင်ငံတစ်ခုအဖြစ် ကမာနှင့်အ၀ှမ်း ဖော်ပြပေးရန် ဆုရရှိသော ဇာတ်လမ်းတိုများကို အသုံးပြုသွားမည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြင်သစ်မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၀က်ဘ်ဆိုက်မျက်နှာ (https://www.ccifrance-myanmar.org/en/event/cometomyanmar-video-contest-2019) တွင် လျှောက်လွှာများကို  ရယူ ဖြည့်စွက်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မတိုင်မီ အချိန်မီ ပြန်လည်ပေးပို့ရမည် ဖြစ်သည်။

#COMETOMYANMAR ဆုပေးပွဲကြီးအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် Novotel Yangon Max ၌ Makers Night 2019 ပွဲနှင့် အတူ ကျင်းပပေးသွားမည် ဖြစ်သည်။ Makers Night 2019 ပွဲမှာ စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ခြေလှမ်းသစ်များအတွက် Young Entrepreneurs Awards 2019 ဆုပေးပွဲအခမ်းအနားနှင့် အတူ ဂုဏ်ပြုကျင်းပပေးသွားမည့် အထူးညစာစားပွဲတစ်ခုဖြစ်သည်။

ညစာစားပွဲ အခမ်းအနားတွင် Air France မှ ပေးအပ်မည့် ပဲရစ်မြို့သို့ သွားရောက်လည်ပတ်ခွင့် လေယာဉ်လက်မှတ်တစ်စောင်ကိုလည်း ကံစမ်းနိုင်မည် ဖြစ်သည်။

အသေးစိတ်သိရှိလိုသောအချက်အလက်များနှင့် စာရင်းပေးသွင်းနိုင်ရန်အတွက် www.ccifrance-myanmar.org သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Yangon – CCI France Myanmar, the French Myanmar Chamber of Commerce, has just launched the first edition of the #COMETOMYANMAR video contest, in partnership with the Myanmar Tourism Marketing Association.

This competition is the first project implemented by the Tourism Committee of CCI France Myanmar, which brings together hotels, travels agencies and professionals of the tourist sector. This operation, which is sponsored by Seagram Myanmar and FMIDecaux, aims at promoting Myanmar as a tourist destination, following the drop in the number of Western visitors during the past two years.

To register in this contest, which is only open to Myanmar nationals, participants will have to shoot 3-minutes videos showing what makes Myanmar attractive according to them.

This is why we chose the hashtag #cometomyanmar”, explains Mr. Guillaume Rebiere, Executive Director of CCI France Myanmar. “Participants will show what makes their country beautiful and exceptional. By doing so, they will invite foreigners to visit Myanmar and to discover the hospitality of its people. Indeed, the Myanmar population is probably one of the friendliest and most welcoming in the world. It is what makes Myanmar unique. The message is that Myanmar people open their hearts and their country to foreign tourists.”

The video contest has started on 16th September 2019. Participants will have until 15th November 2019 to enter their videos in one of the following 4 awards categories:

  • You’re welcome! Award – This category emphasizes on the Myanmar people’s sense of hospitality and of the Myanmar people’s legendary smile and friendliness. The main message is: “Myanmar invites you”.
  • It’s unique Award - This category emphasizes on what makes Myanmar different from any other country. The main message of this category is: “Nowhere else but here”.
  • What’s new? Award – This category emphasizes on what makes Myanmar a dynamic and changing country. It is innovating, young, and opening to the world. The main message of this category is: “The future is now”.
  • My day in Myanmar Award - This category emphasizes on what it means to live in Myanmar today. It should show the diversity of lifestyles, of landscapes, of cultures, of food, of activities, of resources, of people. The main message of this category is: “Diversity in unity”.

The winners of the 4 awards will be selected by a jury of professionals of the tourist and media sectors, presided by Ko Arkar Win, movie director, whose movie “The Mystery of Myanmar: Beyond the Dote-Hta-Waddy”, has been praised by both critics and moviegoers internationally.

 

The Jury will also bring together Mr. Matthieu Glorieux, General Manager of Seagram Myanmar, Platinum Sponsor, Daw Phyu Phyu Mar, Joint Secretary of the Myanmar Tourism Marketing Association, Daw Yin Myo Su, President of Inle Heritage, Daw Su Su Tin, Managing Director of Exo Travel, Mr. Philippe Battlé, Country Representative of Accor, Mr. Erwan Luherne, General Manager of Canal+ Myanmar, and Mr. Jérémy Damloup, COO of Akhuka Production.

In addition to the winners of the 4 main categories, the Jury will also select a Grand Prize.

The winner of the Grand Prize will receive many attractive prizes including:

  • 1 training of 20 hours in Basics of Movie Production at The Academy Fame Gate Studio (Singapore)
  • 1 round-flight ticket Yangon-Singapore-Yangon, offered by Singapore Airlines
  • 1 Camera of EOS 80D offered by Canon
  • 1 cruise of 2 nights for 2 persons on The Strand Cruise
  • 1 stay of 2 nights for 2 persons at Sofitel Inle Lake
  • 2 tickets for a ride with Balloons over Inle by Memories Group
  • 1 stay of 1 night for 2 persons at Hilton Ngapali
  • 1 stay of 1 night for 2 persons at Novotel Yangon Max
  • 1 stay of 1 night for 2 persons at Lotte Yangon Hotel, including breakfast, offered by Lotte Hotel
  • 1 dinner for 2 persons at Le Planteur Restaurant in Yangon
  • 1 Canal+ TV box with 6 months of free TV service

The winners of the 5 awards will also have the opportunity to win the Public’s Choice Award, which will be selected by voters on Facebook.

The prizes given to the winner of all award categories include hotel and restaurant vouchers, as well as free services and gifts offered by the companies supporting the operation: Accor Group, Canal+, Canon, Excelsior Yangon, Hilton Ngapali, Hotel G, Hotel Thanakha, Inya Lake Hotel, Le Planteur, Lotte Yangon, Melia, Memories Group, Mercure Kaba Aye, Novotel Inle, Novotel Yangon Max, Pullman Mandalay, Pullman Yangon, Singapore Airlines, Sofitel Inle, The Strand Cruise, The Strand, and Yangoods.

Following the competition, the awarding videos will be used to promote Myanmar as a tourist destination around the world.

To participate, contestant must download and fill in their registration form on CCI France Myanmar’s website (https://www.ccifrance-myanmar.org/en/event/cometomyanmar-video-contest-2019). Then, they have to send their application before 15th November 2019.

The #COMETOMYANMAR Awards Ceremony 2019 will take place on 11th December 2019, at 6 pm, at Novotel Yangon Max, during the Makers Night 2019. The Makers Night 2018, which will be a festive gala dinner celebrating entrepreneurship in Myanmar, will also give way to the Young Entrepreneurs Awards 2019 Ceremony.

Lucky draws will be organised with the opportunity to win a free ticket to Paris offered by Air France.

More information and registration on www.ccifrance-myanmar.org!