ရန်ကုန်ရှိ စီးပွားရေးစင်တာ

          

အခွင့် အလမ်းသစ်များကို ရှာဖွေပါ။

LeBooster Yangon သည် အဆောက်အအုံသစ်တစ်ခုဖြစ်သည့်ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ ဈေးဆိုင်များနှင့် နီးကပ်စွာတည်ရှိပြီး ကျယ်လွင့်သော ကားပါကင် ပါဝင်ရုံသာမက လွယ်ကူစွာသွားလာနိုင်သည့် အပြင် ရွှေတိဂုံ ဘုရားကိုပါ ဖူးမျှော်နိုင်သော Times City Office Tower 2 ၏ ၁၆ ထပ်တွင် တည်ရှိပါသည်။

ကျွန်ုပ်တို့၏စီးပွားရေးစင်တာသည် HUB France Myanmar ၏ပြင်သစ်နှင့်နိုင်ငံတကာကုမ္ပဏီများမှ ရွေးချယ်ထားသည့်အဆောက်အဦးတွင် တည်ရှိပြီး အဆင်သင့်အသုံးပြုနိုင်သော ready-to-use offices များကို ငှားရမ်းနိုင်ပါသည်။ Conference များနှင့် Training များကျင်းပရန်အတွက်လည် အချိန်ပြည့် ငှားရမ်းနိုင်သော ခန်းမကျယ်လည်းပါရှိပါသည်။

ကျွန်ုပ်တို့ထံတွင် ရုံးခန်းငှားရမ်းခြင်းဖြင့်

  • အလားအလာရှိသော စီးပွားရေးမိတ်ဖက်များ၊  HUB France Myanmar, ကျွန်ုပ်တို့၏ အသင်းဝင်ကုမ္ပဏီများနှင့်သာမက ဝန်ထမ်းများထံမှ အကူအညီအဆက်အသွယ်များ ရယူနိုင်ခြင်း။
  • သင်၏စီးပွားရေးကိုကုန်ကျစရိတ်သက်သာစွာဖြင့်မြန်မာနိုင်ငံတွင်စတင်နိုင်ခြင်း။
  • ကျွန်ုပ်တို့နှင့်တိုက်ရိုက်ဆက်သွယ်နိုင်သည့် သင်၏မြန်မာနိုင်ငံအတွက်ဌာနခွဲကို အဖွဲ့ငယ်တစ်ခုအဖြစ် စတင်နိုင်ခြင်း။
  • မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးသားကုမ္ပဏီတခုအဖြစ် မစတင်မီ Local Presentative (သို့မဟုတ်) VIE ငှားရမ်းနိုင်ခြင်း။
  • သင့်ကုမ္ပဏီ၏ ဖောက်သည်များ၊ မိတ်ဖက်များနှင့် တွေ့ဆုံနိုင်ရန် (သို့မဟုတ်) ပွဲများ၊ Training များ စီစဉ်နိုင်ရန် ကျွန်ုပ်တို့၏ ခန်းမကျယ်ကို ငှားရမ်းနိုင်ခြင်း။

 

ကျွန်ုပ်တို့ကို ရွေးချယ်သင့်သော အားသာချက် ၉ ချက်

  • အချက်အချာကျသော ရန်ကုန်မြို့လယ်ခေါင်တွင်တည်ရှိခြင်း။
  • သင့်ကုမ္ပဏီ၏ ပုံရိပ်ကောင်းကို မြှင့်တင်ပေးနိုင်သော ခန့်ညားသော ရုံးလိပ်စာ။
  • ပြင်သစ်နှင့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၂၀ ကျော်ကိုစုစည်းထားသော HUB France Myanmar နှင့်ချိတ်ဆက်ခွင့်။
  • သင့်ရုံးလုပ်ငန်းကို ချက်ချင်းစတင်နိုင်သော ပြင်ဆင်စရာမလိုသည် အဆင်သင့်သုံး ရုံးခန်းများ။
  • အငှားစာချုပ် ၃ လမှ စတင်ကာ ချုပ်ဆိုနိုင်သဖြင့် ရုံးခန်းနေရာ အတွက် ငွေရင်းအများကြီး စိုက်ရန် မလိုအပ်ခြင်း။
  • ပေးရသော ငွေတန်ဖိုးထက်သာလွန်သော ဝန်ဆောင်မှု (Wifi, မီတာခ၊ 24/7 အသုံးပြုနိုင်ခွင့်, အစည်းအဝေးခန်းမများ...).
  • ပွဲများကျင်းပရန်အတွက် လိုအပ်သော ရင်းမြစ်များကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်း။
  • ပြင်သစ်- မြန်မာ- အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ကျွန်ုပ်တို့ထံမှ အကူအညီရယူနိုင်ခြင်း။
  • ကျွန်ုပ်တို့၏ အသင်းဝင်များ၊ အဆက်အသွယ်များ၊ ပွဲများနှင့် စီးပွားရေးဝန်ဆောင်မှု အထောက်အကူပြုဝန်ဆောင်မှုများအတွက် တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း။

နှုန်းထားများ*

  • တဦးချင်း အသုံးပြုနိုင်သော hot-desk (open space) – အသင်းဝင်များအတွက် တလလျှင် 200 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 250 USD
  • ၂ယောက်ခန်းရုံးခန်း  – အသင်းဝင်များအတွက် တလလျှင် 400 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 500 USD
  • ၄ယောက်ခန်းရုံးခန်း  – အသင်းဝင်များအတွက် တလလျှင် 800 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 1100 USD
  • ၆ယောက်ခန်းရုံးခန်း  – အသင်းဝင်များအတွက် တလလျှင် 1000 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 1500 USD
  • ၁၈ယောက်ခန်းရုံးခန်း  – အသင်းဝင်များအတွက် တလလျှင် 1500 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 2000 USD
  • တဦးချင်း အသုံးပြုနိုင်သော hot-desk အတွက် နေ့စဉ်ငှားရမ်းခ - တရက်လျှင် 12 USD ( နေ့စဉ်ပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။)

ရုံးခန်းများနှင့် အစည်းအဝေးခန်းမများ ငှားရမ်းခြင်းအတွက် နေ့စဉ်နှင့် အပတ်စဉ် ငှားရမ်းခ သတ်မှတ်နှုန်းထားများလည်းရှိပါသည်။

Virtual Domiciliation Service

သင့်လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် ရုံးခန်းလိပ်စာတခု လိုအပ်ပါသလား။ အောက်ပါဝန်ဆောင်မှုများပါဝင်သော ကျွန်ုပ်တို့၏ Virtual Domiciliation Service ကို အသုံးပြုလိုက်ပါ။

  • ကျွန်ုပ်တို့၏လိပ်စာကိုတရားဝင်စီးပွားရေးစာရွက်စာတမ်းများနှင့်ဆက်သွယ်ရေးများတွင်အသုံးပြုနိုင်ခွင့်။
  • ကျွန်ုပ်တို့၏စီးပွားရေးစင်တာတွင် သင့်ကုမ္ပဏီအမှတ်တံဆိပ်ကို ထားရှိပေးခြင်း။
  • စာလက်ခံ၊ စာဖြန့်ဝေ ဝန်ဆောင်မှု။
  • အလားအလာရှိသော ဖောက်သည်များ၊ Supplier များနှင့် တွေ့ဆုံချိန်တွင် ကျွန်ုပ်တို့၏ အစည်းအဝေးခန်းမများကို အသုံးပြုနိုင်မှု။
  • လိုအပ်သောအခါ ကျွန်ုပ်တို့၏ရုံးခန်းများကို နာရီအနည်းငယ် အသုံးပြုခွင့်။

 

နှုန်းထားများ*

အသင်းဝင်များအတွက် - တလလျှင် 80 USD (၁နှစ်စာချုပ်အတွက်) • $100/month (၁နှစ်အောက်စာချုပ်အတွက်)

အသင်းဝင်မဟုတ်သူများအတွက် - တလလျှင် $100 (၁နှစ်စာချုပ်အတွက်) • တလလျှင် $120 (၁နှစ်အောက်စာချုပ်အတွက်)

 

ဆက်သွယ်ရန်

Ms. Su Eaindar Moe Myint
Events & Communication Executive
 

မြန်နှုန်းမြင့် အင်တာနက် ကွန်ယက်အတွက် GTMH မှ မေတ္တာဖြင့် ပံ့ပိုးကူညီပေးထားပါသည်။

မိတ်ဖက်များ

*5% Commercial Tax excluded

Upcoming Trainings