ဝန်ထမ်းရှာဖွေစုဆောင်ရေးနှင့် HR ဝန်ဆောင်မှုများ

သင့်လုပ်ငန်းအတွက် လုပ်သားစွမ်းဆောင်ရည်ကို အမြင့်ဆုံး မြှင့်တင်ပါ။

 

ဝန်ထမ်းရှာဖွေစုဆောင်ရေးဝန်ဆောင်မှုများ

သင့်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီး လုပ်ကိုင်သည် ဖြစ်စေ၊ မြန်မာနိုင်ငံတွင် သင့်ကုမ္ပဏီကို ကိုယ်စားပြုသော Country Representative တေ.ယက်ငှားရမ်း၍ လေုပ်ကိုင်လိုသည် ဖြစ်စေ၊ သင်၏စီးပွားရေးကို မြန်မာနိုင်ငံတွင် ချဲ့ထွင်ခြင်းတွင် သင့်ကုမ္ပဏီအတွက် မှန်ကန်သော ဝန်ထမ်းကို ခန့်ထားရန်လည်းပါဝင်ပါသည်။

ယခုကဲ့သို့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကျွန်ုပ်တို့၏ အောက်ပါဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။

  • သင့်လိုအပ်ချက်ကို သိရှိစေရန် ကူညီပေးခြင်း။
  • မြန်မာ့လုပ်သားဈေးကွက်နှင့်ကိုက်ညီမှုရှိစေရန် အလုပ်ကမ်းလှမ်းမှုခေါ်စာ ပြင်ဆင်ခြင်းအတွက် အကြံဉာဏ်ပေးခြင်း။
  • အလုပ်ကမ်းလှမ်းမှုခေါ်စာကို ကျွန်ုပ်တို့၏ အများပြည်သူသိရှိစေရန် ဖြန့်ဝေပေးခြင်း။
  • အလုပ်လျှောက်ထားသူများထဲမှ သင့်တော်မည့်သူများကို ရွေးချယ်စစ်ထုတ်ပေးခြင်း။
  • ဝန်ထမ်းရှာဖွေစုဆောင်းရေး မပြီးဆုံးမချင်း လိုအပ်သောလုပ်ငန်းစဉ်များကို ဆက်လက်ကူညီထောက်ပံ့ခြင်း။
  • သင့်စိတ်ကြိုက် ဝန်ထမ်းရရှိပြီးသည့် အခါ ကျွန်ုပ်တို့၏ စီးပွားရေးစင်တာတွင် ရုံးခန်းနေရာ ချထားပေးနိုင်ခြင်း။

 

Wage Portage/Umbrella Contracts

နိုင်ငံတကာကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိလျှင် စီးပွားရေးလုပ်ငန်းစဉ်များကို နိုင်ငံအတွင်းဆောင်ရွက်ခွင့်မရှိပါ။ ၎င်းအပြင် ထိုကဲ့သို့သော စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ဝန်ထမ်းခန့်ထားရန် မဖြစ်နိုင်ပါ။ သို့ရာတွင် သင့်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်မှတ်ပုံမတင်ထားသောလည်း Country Representative, အရောင်းကိုယ်စားလှယ် (သို့မဟုတ်) Business Development Manager ခန့်ထားလိုပါက ကျွန်ုပ်တို့က သင့်အတွက် အလုပ်ခန့်ထားခြင်းဆိုင်ရာစာချုပ်ကို သင့်ကိုယ်စားဆောင်ရွက်ပေးနိုင်ပါသည်။

အဆိုပါ ကျွန်ုပ်တို့၏ Wage Portage ဝန်ဆောင်မှုတွင်

  • အလုပ်ခန့်ထားခြင်းစာချုပ်အတွက် အကြံဉာဏ်ပေးခြင်း။
  • အလုပ်ခန့်ထားခြင်းစာချုပ်ပြင်ဆင်ပေးခြင်း။
  • လုပ်ခလစာနှင့် ကုမ္ပဏီအသုံးစရိတ်များကို စီမံခန့်ခွဲပေးခြင်း။
  • အခွန်ဆောင်ရန်အတွက် ပြင်ဆင်ပေးခြင်း၊ အခွန်ဆောင်ပေးခြင်း။
  • ကျွန်ုပ်တို့မှ သင့်ဝန်ထမ်းလိုအပ်ချက်အတွက် အနီးကပ် အကူအညီပေးခြင်း။
  • Virtual Domiciliation ဝန်ဆောင်မှုဟုခေါ်သော မြန်မာပြည်၏ သင့်ရုံးခန်းလိပ်စာအတွက် ကျွန်ုပ်တို့ ရုံးလိပ်စာကို အသုံးပြုနိုင်ခြင်း။
  • ကျွန်ုပ်တို့၏ စီးပွားရေးစင်တာတွင် ရုံးခန်းငှားရမ်းနိုင်ခြင်း။
  • ကျွန်ုပ်တို့၏ အစည်းအဝေးခန်းမများကို အသုံးပြုနိုင်ခြင်း။
  • Training များ၊ Networking ပွဲများအတွက် Discount များရရှိနိုင်ခြင်း။