ကျွန်ုပ်တို့ သင်တန်းအစီအစဉ်

သင့်လုပ်ငန်းအတွက် လုပ်သားစွမ်းဆောင်ရည်ကို အမြင့်ဆုံး မြှင့်တင်ပါ။
 
အရည်အတွက်ထက် အရည်အသွေးက ပိုအရေးကြီးပါတယ်။

ကျွန်ုပ်တို့က ပြင်သစ်၊ မြန်မာနှင့် နိုင်ငံတကာတွင် Training နှင့် လုပ်ငန်းအတွေ့အကြုံများစွာရှိသော Professional Trainer များဖြင့်သာ ကျွန်ုပ်တို့၏ သင်တန်းများကို ဒီဇိုင်းဆွဲပါတယ်။

အဆိုပါ Trainer များတွင် သင်ကြားပြသပေးရန်နှင့် သက်ဆိုင်သော နယ်ပယ်တွင် အခြားသူများကိုပါ ထူးချွန်လာစေရန် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပတ်သတ်သော အကောင်းဆုံးကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားပါသည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် ကျွန်ုပ်တို့အနေဖြင့် သင်တန်းသားဦးရေကို ကန့်သတ်လက်ခံခြင်းကြောင့် ကျွန်ုပ်တို့၏ Trainingကို တက်ရောက်ခြင်းဖြင့် အနီးကပ် သင်ကြားရခြင်း ဖြစ်သောကြောင့် Training ပြီးဆုံသည်နှင့် အထိရောက်ဆုံးသော ရလဒ်များကို ပေးနိုင်စွမ်းရှိပါသည်။

ကျွမ်းကျင်ဝန်ထမ်းများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများ။

ကျွန်ုပ်တို့၏ သင်တန်းများသည် မြန်မာကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ နေ့စဉ်လုပ်ငန်းခွင်တွင် ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်ထားသော သင်တန်းများ ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော မြန်မာနှင့် နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကို ထပ်မံမွမ်းမံလို၍လည်းကောင်း၊ ၎င်းတို့ရရှိပြီးသည့် အတွေ့အကြုံများကို အခြားသောဗဟုသုတများနှင့် ထပ်မံပေါင်းစပ်လို၍လည်းကောင်း ကျွန်ုပ်တို့၏ သင်တန်များကို တက်ရောက်ကြခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ သင်တန်းဆရာများသည် စာတွေ့လက်တွေ့ ကျွမ်းကျင်သူများ ဖြစ်ကြ၍ သင်တန်းသားများအနေဖြင့် ကုမ္ပဏီတွင် မည်သည့်ရာထူးဖြင့်လုပ်ကိုင်သည်ဖြစ်စေ ခိုင်မာသော စာတွေ့ အတွေးအခေါ်များကို သင်တန်းသား၏ ဦးနှောက်ထဲတွင် စွဲမှတ်နေအောင် တည်ဆောက်ပေးရုံမကဘဲ နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သင်တန်းများ၏ ရည်ရွယ်ချက်သည် သင့်ဝန်ထမ်းများကို လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါသောကြောင့် သင့်ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြုမည် ဖြစ်ပါသည်။

ပေးရသော ငွေကြေးနှင့် အထိုက်တန်ဆုံး။

ကျွန်ုပ်တို့၏ သင်တန်းအစီအစဉ်တွင် သက်သာသော နှုန်းထားဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ သင်တန်းဆရာများ ဖြင့်သာ သင်ကြားခြင်း ဖြစ်ပါသည်။ သင်တန်းကြေးများကို သင်တန်းတက်ရောက်သူများအကြား မျှဝေ ကျခံရခြင်းဖြစ်သောကြောင့် သင့်ကုမ္ပဏီမှ ဝန်ထမ်း ကို နိုင်ငံတကာ သင်တန်းအတွက် ငွေကုန်ကြေးကျ ခံပြီး နိုင်ငံခြားသို့ လွှတ်စရာမလိုသလို နိုင်ငံခြားသင်တန်းဆရာများကိုလည်း သင့်ကုမ္ပဏီအတွက် သီးသန့် ဖိတ်ခေါ်စရာ မလိုသောကြောင့် ကျွန်ုပ်တို့၏ သင်တန်းများက သင့်အတွက် ကုန်ကျစရိတ်သက်သာစေမည့် အဖြေတခု ဖြစ်ပါသည်။

သင့်ကုမ္ပဏီတွင်းမှာပင် ကျွန်ုပ်တို့၏ သင်တန်းဆရာများဖြင့် Corporate Training စီစဉ်လိုပါက သင့်ဝန်ထမ်းများ၏လိုအပ်ချက်နှင့်ကိုက်ညီစေရန် သင်ရိုးညွှန်းတမ်းရေးဆွဲပြီး့မြန်မာဈေးကွက်တွင် အသက်သာဆုံးသော နှုန်းထားများဖြင့် သင်တန်းများကို စီစဉ်ပေးလျက်ရှိပါသည်။ သက်သာသော သင်တန်းနှုန်းထားသာ ပေးရသော်လည်း သင်တန်းအရည်အသွေး အကောင်းဆုံး ဖြစ်စေရန် အာမခံပါသည်။

သင့်ကုမ္ပဏီသည် ပြင်သစ်- မြန်မာ ကုန်သည်ကြီးများ အသင်း၏ အသင်းဝင် ဖြစ်လျှင် ပိုမိုသက်သာသော နှုန်းထားများရရှိနိုင်ပါသေးသည်။

ကျွန်ုပ်တို့၏ သင်တန်းအစီအစဉ်များ

  • ပုံမှန်သင်တန်းအစီအစဉ်များ ၃၅ နာရီအထိ ကြာမြင့်ပြီး ရုံးဖွင့်ရက် (သို့မဟုတ်) ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သော သင်တန်းများဖြစ်ပါသည်။ ဤသင်တန်းများသည် (ဝန်ထမ်းရေးရာ, ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ, ဆက်သွယ်ရေးနှင့်လူမှုဆက်ဆံရေး, …)အစရှိသော ယေဘုယျခေါင်းစဉ်များအပေါ်တွင် စာတွေ့၊လက်တွေ့ ၂ခုပေါင်းစပ်ပြီး ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပါသည်။
  • အလုပ်ရုံဆွေးနွေးပွဲများ ၃နာရီမှ၆နာရီအထိ ကြာမြင့်သော အလုပ်ရုံဆွေးနွေးပွဲများသည် အီးမေးမည်သို့ရေးရမည်၊ ဖောက်သည်များနှင့် မည်သို့ဆက်ဆံရမည် အစရှိသော အခြေခံကျွမ်းကျင်မှုများကို သင်ကြားပေးပြီး လုပ်ငန်းခွင်တွင်း သင့်ဝန်ထမ်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။
  • သင့်ကုမ္ပဏီလိုအပ်ချက်ဖြင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်ထားသော အထူးသင်တန်းများ သင့်လုပ်ငန်းခွင်အတွင်းတွင် သင်တန်းများပို့ချပေးနိုင်သည့် အပြင် သင့်မျှော်လင့်သော သင့်ဝန်ထမ်းများတိုးတက်ရန် လိုအပ်သော နေရာများကို သင်တန်းနည်းပြများဖြင့် ဆွေးနွေးတိုင်ပင်ပြီး ကုမ္ပဏီယဉ်ကျေးမှုနှင့်အညီ သင့်ဝန်ထမ်းများ၏ အခြား ကျွမ်းကျင်မှုများကိုလည်း ပိုမိုပေါ်လွင်အောင်သင်ကြးပေးနိုင်ရန် ရည်ရွယ်သော သင်တန်း အစီအစဉ်ဖြစ်ပါသည်။
 

Upcoming Trainings