JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ

JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ

၂၀၂၀ ခုနှစ်ဟာ အလုပ်ရှာဖွေနေသူတွေရော လုပ်ငန်းရှင်တွေအတွက်ပါ စိန်ခေါ်မှုတွေများခဲ့တဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ချင်းစီမှှာ ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ကြုံ့တွေ့ခဲ့ရပြီး ပြောင်းလဲမှုတွေကို ပုံမှန်အတိုင်းလိုက်လျောညီထွေဖြစ်စေနိုင်ဖို့လည်း ကြိုးစားခဲ့ကြရပါတယ်။ လျင်မြန်တဲ့ပြောင်းလဲမှုတစ်ခုကတော့ ရာနှုန်းပြည့်နီးပါးအွန်လိုင်းကနေ အလုပ်လုပ်ရတဲ့လုပ်ငန်းခွင်ဖြစ်ပြီး အဲဒါဟာအများစုအတွက်တော့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ JobNet အတွက်လည်း မခြားမနားပါပဲ။

အဲဒါဟာ JobNet အတွက် တကယ်ကိုစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပေမဲ့လည်း JobNet ဝက်ဘ်ဆိုက်နဲ့ ကျွမ်းကျင်မှုတွေကို အားထားနေတဲ့အလုပ်ရှာနေသူတွေနဲ့ လုပ်ငန်းရှင်တွေအားလုံးဆီကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ HR ပိုင်းဆိုင်ရာအကြံဉာဏ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ဖို့အတွက် ဘယ်အရာကမှမဟန့်တားနိုင်ခဲ့ပါဘူး။ အလုပ်ရှာဖွေနေသူတွေနေဲ့ရော အလုပ်ရှင်တွေနဲ့ပါ ချိတ်ဆက်မှုတွေကိုတိုးမြှင့်ပြီး ကူညီထောက်ပံ့မှုတွေပိုမိုပေးနိုင်ဖို့ကလည်း JobNet အတွက်လုံးဝကိုအရေးကြီးခဲ့ပါတယ်။ JobNet ရဲ့ကြိုးစားအားထုတ်မှုတွေဟာ ရလဒ်ကောင်းတွေရရှိခဲ့တဲ့အတွက်လည်း အရမ်းကိုကျေနပ်ပီတီဖြစ်ခဲ့ရပါတယ်။ ထိပ်တန်းအွန်လိုင်းဒစ်ဂျစ်တယ်အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုအနေနဲ့လည်း ကောင်းမွန်တဲ့ရလဒ်တွေနဲ့ ၂၀၂၀ ကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ JobNet ရဲ့သတင်းကောင်းတွေနဲ့ မှတ်တိုင်သစ်တွေကို အကျဉ်းချုပ်ပြီးဖော်ပြထားတဲ့ဇယားတွေနဲ့ အချက်အလက်ပုံတွေကို ဒီနေရာမှာကြည့်ရှုလေ့လာနိုင်ပါတယ်

 

 

ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုမှုနှုန်း

စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမဲ့လည်း JobNet.com.mm ဟာ ၄ နှစ်ဆက်တိုက်အတွင်းမှာ မြန်မာနိုင်ငံရဲ့ဝင်ရောက်ကြည့်ရှုမှုအများဆုံး အလုပ်အကိုင်ဝက်ဘ်ဆိုက်ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုမှုနှုန်း ၇ သန်းရှိခဲ့ပါတယ်။

အလုပ်ခေါ်ယူစာအသစ်အရေအတွက်

၂၀၂၀ ခုနှစ်အတွင်းမှာ အလုပ်အကိုင်ခေါ်ယူစာအသစ်ပေါင်း ၁၂၀၀၀ ကျော်ကို ကြော်ငြာပေးခဲ့ပါတယ်။

CV ဖွင့်ကြည့်မှုအရေအတွက်

JobNet CV database ကိုအသုံးပြုတဲ့လုပ်ငန်းရှင်တွေဟာ စီနီယာအဆင့်လုပ်သက်အတွေ့အကြုံရှိ  လုပ်ငန်းပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့ အလုပ်လျှောက်ထားသူပေါင်း ၁၉၀၀၀ ကျော်ရဲ့ CV များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အလုပ်လျှောက်လွှာအသစ်များအရေအတွက်

၂၀၂၀ ခုနှစ်အတွင်းမှာ အလုပ်လျှောက်လွှာအသစ်ပေါင်း ၁.၃ သန်းကျော်ကို လက်ခံရရှိခဲ့ကြပါတယ်။ လုပ်ငန်းရှင်များအားလုံးဆီကို လျှောက်ထားသူများများဖြင့် ရွေးခယျ်မှုအများဆုံးပေးနိုင်ခဲ့ပါတယ်။

 

 

ကုမ္ပဏီစာမျက်နှာများသို့ဝင်ရောက်ကြည့်ရှုမှုများ

အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ၂၀၂၀ ခုနှစ်တွင် အလုပ်လျှောက်ထားရန်ကုမ္ပဏီများကို အဆက်မပြတ်ရှာဖွေနေခဲ့ပါသည်။ JobNet ဝက်ဘ်ဆိုက်ပေါ်ရှိ ကုမ္ပဏီအားလုံး၏စာမျက်နှာများကို ဝင်ရောက်ကြည့်ရှုမှုပေါင်း ၄၃၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ပိုပြီးအရည်အချင်းရှိတဲ့သူတွေကို ကိုယ့်ရဲ့အဖွဲ့မှာ လောရာက်အလုပ်လုပ်ဖို့ဆွဲဆောင်ချင်တယ်ဆိုရင် ကောင်းမွန်တဲ့ကုမ္ပဏီပရိုဖိုင်စာမျက်နှာဟာ အရေးကြီးကြောင်းဖော်ပြနေပါတယ်။

စာရင်းသွင်းသောအလုပ်ရှာဖွေသူအသစ်များအရေအတွက်

ပြီးခဲ့တဲ့ ၁၂ လအတွင်း JobNet.com.mm မှာလာရောက်စာရင်းသွင်းတဲ့ အလုပ်အကိုင်ရှာဖွေသူစုစုပေါင်း ၁၀၉၇၃၉ ရှိခဲ့ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်နဲ့ ဝန်ထမ်းရေးရာလုပ်ငန်းစဉ်တွေဟာ ဒစ်ဂျစ်တယ်စနစ်ကိုပုံမှန်ကူးပြောင်းနေတာကို ပြသနေပါတယ်။ အလုပ်အကိုင်ရှာဖွေသူအများစုဟာ အရင်ကနည်းလမ်းဟောင်းတွေနဲ့ အလုပ်ရှာဖွေခြင်းတွေကို အသုံးပြုမှုတွေနည်းသွားကြပါပြီ။

အမြဲမပြတ်ဝန်ထမ်းရှာဖွေနေသောလုပ်ငန်းရှင်အရေအတွက်

၂၀၂၀ ခုနှစ်မှာ ကုမ္ပဏီပေါင်း ၈၆၈ ခုဟာ JobNet ကိုအသုံးပြုပြီး အမြဲမပြတ်ဝန်ထမ်းရှာဖွေနေကြပါတယ်။ 

အွန်လိုင်းလစာစစ်တမ်းတွင်ပါဝင်မှုအရေအတွက်

၂၀၂၀ ခုနှစ်တွင်ကုမ္ပဏီပေါင်း ၁၀၈ ခုဟာ JobNet ရဲ့အွန်လိုင်းလစာစစ်တမ်းမှာ ပါဝင်ခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်ဟာ တကယ်ကိုရှည်လျားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီလိုစိန်ခေါ်မှုတွေအားလုံးကိုကျော်လွှားပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေကိုရှာဖွေဖို့အတွက် နံပါတ်တစ်အွန်လိုင်းဒစ်ဂျစ်တယ်ဝက်ဘ်ဆိုက်အဖြစ် JobNet ကို ယုံကြည်အားကိုးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ၂၀၂၀ မှာအခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကူညီခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက်အကောင်းဖြစ်အောင်ပံ့ပိုးနေကြသူအားလုံးကို ထပ်မံကျေးဇူးတင်ကြောင်းဖော်ပြချင်ပါတယ်။