ကျွန်ုပ်တို့က ဘယ်သူတွေပါလဲ။

ကျွန်ုပ်တို့က ဘယ်သူတွေပါလဲ။

CCI France Myanmar ဆိုသည်မှာ ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဒေသတွင်းဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်ပြီး ၁၀၀% ငွေကြေးအထောက်အပံ့မယူသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချယ်မှာ ပြင်သစ်- မြန်မာ ၂ နိုင်ငံအကြား ကုန်သွယ်မှု ပိုမို ဖွံ့ဖြိုးလာပြီး အသင်းဝင်များ၏ စီးပွားရေးပိုမို တိုးတက်စေရန်ရည်ရွယ်သော ဝန်ဆောင်မှုများပေးရန် ဖြစ်ပါသည်။

ထို့အပြင်ကျွန်ုပ်တို့သည် နိုင်ငံပေါင်း ၉၄ နိုင်ငံရှိပြင်သစ်ကုန်သည်များအသင်း ၁၂၄ သင်းကို စုပေါင်းထားသော CCI France International ကွန်ယက်၏အသင်းဝင်ဖြစ်ပြီး ၎င်းသည်ကမ္ဘာအနှံ့ရှိကုမ္ပဏီပေါင်း ၃၇၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

နောက်ဆုံးအနေဖြင့် အခြားကုန်သည် လုပ်ငန်းရှင်များ အသင်းနှင့်လည်းကောင်း၊ ပြင်သစ်သံရုံး နှင့်လည်းကောင်း၊ Business France၊ ပြင်သစ်ကုန်သွယ်ရေးအတိုင်ပင်ခံများ၊ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ကဲ့သို့သောအခြားပြင်သစ်အဖွဲ့အစည်းများနှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံပြီး လက်တွဲ လုပ်ကိုင်လျက်ရှိပါသည်။

 

မှတ်တမ်းအကျဉ်းချုပ်

၁၉၉၆ - ပြင်သစ်စီးပွားရေးအသင်းကိုမြန်မာနိုင်ငံတွင်တည်ထောင်ခဲ့သည်

၂၀၀၄ - ပြင်သစ်စီးပွားရေးအသင်းသည် Association of France Myanmar des Affaires (AFMA) ဖြစ်လာသည်

၂၀၁၃ - AFMA သည် ပြင်သစ်နိုင်ငံရပ်ခြားကုန်သွယ်ရေးနှင့်စက်မှုကုန်သည်များအသင်းချုပ်၏ တရားဝင်အဖွဲ့ဝင်ဖြစ်လာသည်။

၂၀၁၄ - AFMA သည် CCI France Myanmar (ပြင်သစ် - မြန်မာ ကုန်သည်ကြီးများအသင်း) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၂၀၁၅ - CCI France Myanmar (ပြင်သစ် - မြန်မာ ကုန်သည်ကြီးများအသင်း) သည် တွင် အသင်းဝင် ကုမ္ပဏီ ၁၀၀ အထိ ရှိလာပြီ ဖြစ်သည်။

2017 - CCI France Myanmar သည် UMFCCI နှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး၊ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးကုန်သည်ကြီးများအသင်းမှ ချီးမြှင့်သော 2017 APAC Small Chamber Award နှင့် CCI France International မှ ချီးမြှင့်သော 2017 Best Performing Chamber ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

1st

Western Chamber of Commerce registered in Myanmar

25 years

of experiences in Myanmar

+160 members

45% French, 45% Myanmar, 10% other

+150

companies supported every year

+50

business events & trainings per year

+8

employees at your service