ဘာကြောင့်အသင်းဝင်ဖြစ်သင့်တာလဲ။

ကျွန်ုပ်တို့ရဲ့ အသင်းဝင်ကုမ္ပဏီများနှင့် တွေ့ဆုံလိုက်ပါ။
 
ပွဲများတက်ရောက်နိုင်ရန် အတွက် အကျိုးခံစားခွင့်များ
  • "Connect@Breakfast" အမည်ရ တနှစ်လျှင် ၁၀ ကြိမ်အထက် ကျင်းပသည့် Sectorial Breakfast Conferences များသို့ အသင်းဝင်ကုမ္ပဏီအဖြစ် အခမဲ့တက်ရောက်ခွင့်။
  • တနှစ်လျှင် ၁၀ ကြိမ်အထက် ကျင်းပသော Business Talks/Legal Talks/HR Talks/Seminars တို့ကို အသင်းဝင်ကုမ္ပဏီအဖြစ် အခမဲ့တက်ရောက်ခွင့်။
  • တနှစ်လျှင် ၁၀ ကြိမ်အထက် ကျင်းပသော အခြားသော ကုန်သည်စက်မှု အသင်းများနှင့် ပူပေါင်းကျင်းပသည့် Business Networking Events များကို အသင်းဝင်ကုမ္ပဏီအဖြစ် အထူးဈေးနှုန်းဖြင့် တက်ရောက်ခွင့်။
  • အသင်းဝင်ကုမ္ပဏီများသာ အခမဲ့ တက်ရောက်နိုင်သော French Ambassador’s Brief တွင်ပါဝင်ခွင့်။
  • အသင်းဝင်ကုမ္ပဏီများသာ ပါဝင်နိုင်သော အထူး VIP Events များကို တက်ရောက်ခွင့်။
အသင်းဝင်ကုမ္ပဏီများအတွက် Slack Workspace
  • အသင်းဝင်အချင်းချင်း တိုက်ရိုက် ဆက်သွယ်နိုင်ခြင်း (Online Directory, ဗီဒီယိုနှင့် Voice Calls များ၊ တိုက်ရိုက်စာတိုပေးပို့ခြင်း၊ ကဏ္ဍအလိုက် ဆွေးနွေးခန်းများ)
  • စီးပွားရေးထောက်ကူပြုသတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ခြင်း။ (တင်ဒါခေါ်ယူမှုများ၊ သတင်းကောက်နှုတ်ချက်များ၊ ပွဲများနှင့် သင်တန်း အချိန်ဇယားများ၊ အလုပ်လျှောက်လွှာများ၊ အသင်းဝင် ကုမ္ပဏီများ၏ သတင်းများ။)
  • ကျွန်ုပ်တို့၏ အသင်းဝင်များဖြင့် ဖွဲ့စည်းထားသော ကော်မတီများနှင့် ဆက်သွယ်ခွင့် (လူ့စွမ်းအားအရင်းအမြစ်ကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကော်မတီ၊ လူငယ်စွန့်ဦးတီထွင်ကော်မတီ၊ ပြင်သစ်ထုတ်ကုန်များနှင့် သက်ဆိုင်သော Made in France ကော်မတီ။)
  • သင့်ကုမ္ပဏီအကြောင်းကို လူအများသိအောင် မိတ်ဆက်နိုင်ခြင်း။ (သတင်းများ၊ ဆောင်းပါးများ၊ အခြားအသင်းဝင် ကုမ္ပဏီများအတွက် ပေးသော အထူးလျှော့ဈေးများ)
စီးပွားရေးအတွက် ကူညီထောက်ပံ့မှုများ
  • မန္တလေးရှိ စီးပွားရေးစင်တာတွင် Hot Desk ကို အခါအားလျော်စွာ အသုံးပြုခွင့်။
  • ကျွန်ုပ်တို့ အသင်းထံမှ တိုက်ရိုက် အကူအညီများ၊ မိတ်ဆက်ပေးမှုများကို ရရှိနိုင်ခြင်း။
  • ကုန်စည်ပြပွဲများနှင့် Professional Events များတွင် Partner အဖြစ် ဖိတ်ကြားခြင်း။
  • ကမ္ဘာတလွှားရှိ ပြင်သစ်ကုန်သည်စက်မှုအသင်းများ၏ ဝန်ဆောင်မှုကို အသုံးပြုချိန်တွင် အထူးလျှော့ဈေးများရရှိနိုင်ခြင်း။ ( ပြင်သစ် ကုန်သည်စက်မှု အသင်းများသည် စုစုပေါင်း ၁၂၄ ခု၊ နိုင်ငံပေါင်း ၉၃ နိုင်ငံ၊ အဖွဲ့ဝင်ပေါင်း ၃၇၀၀၀ ကျော်ဖြင့် ရပ်တည်လျှက်ရှိပါသည်။)
ဆက်သွယ်ရေးအတွက် အကျိုးကျေးဇူးများ*
  • ကျွန်ုပ်တို့၏ Website တွင် သင့်ကုမ္ပဏီ၏ Presentation ကို လွှင့်တင်နိုင်ခြင်း။
  • ကျွန်ုပ်တို့၏ အသင်းဝင်လမ်းညွှန် (Membership Directory) တွင် သင့်ကုမ္ပသီအကြောင်း စာမျက်နှာ တမျက်နှာစာ ထည့်သွင်းနိုင်ခြင်း။
  • Speak-up Podcast တွင် အင်တာဗျူးတခု ပါဝင်နိုင်ခြင်း။
  • သင့်ကုမ္ပဏီနှင့်ပတ်သတ်သော ကြော်ငြာဆောင်းပါးများ၊ အင်တာဗျူးများ၊ သတင်းများအကြောင်းကို ကျွန်ုပ်တို့၏ သတင်းစာစောင်တွင် ထည့်သွင်းနိုင်ခြင်း။
  • Open Door Visit ကို အသင်းဝင်နှစ် တနှစ်လျှင် တကြိမ်အခမဲ့ စီစဉ်နိုင်ခြင်း။
  • သင့်ကုမ္ပဏီ၏ သတင်းများကို ကျွန်ုပ်တို့၏ Social Media တွင် မျှဝေပေးခြင်း။
  • ကျွန်ုပ်တို့၏ ဆက်သွယ်ရေးနှင့် ပွဲနှင့်ဆိုင်သော ကိစ္စရပ်များတွင် သင့်ကုမ္ပဏီ၏ အမှတ်တံဆိပ် ပါဝင်နိုင်ခြင်း။ (Partner Member အဖြစ် အသင်းဝင်သူများအတွက်သာ။)
ဝန်ဆောင်မှုများအပေါ်တွင် အထူးလျှော့ဈေးများရရှိနိုင်ခြင်း
  • Meeting rooms: -50% for members
  • Recruitment: -30% for members
  • Training programs: -25% for members
  • Business Centre: -20% for members
  • Posting of job offers: Free of charge for members

* ခရေပွင့်ပြထားသော အကျိုးကျေးဇူးများသည် အသင်းဝင်ကုမ္ပဏီများ၏ အဆင့်အလိုက်ကွဲပြားမှု ရှိပါ၍ အသေးစိတ် အကျိုးခံစားခွင့်များကို သိရှိလိုပါက အောက်ပါဇယားကို ကြည့်ရှုပါ (သို့မဟုတ်) ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။

အသင်းဝင်များခံစားနိုင်သည့် ပက်ကေ့ချ်များ