မန္တလေးရှိ စီးပွားရေးစင်တာ

          

အခွင့် အလမ်းသစ်များကို ရှာဖွေပါ။

ဈေးဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့်အခြားကုမ္ပဏီများနှင့်နီးကပ်စွာတည်ရှိပြီးမြို့၏ တက်ကြွလှုပ်ရှားမှုများနှင့် ပြည့်နေသော Mingalar Mandalay တွင် ကျွန်ုပ်တို့၏ စီးပွားရေးစင်တာ တည်ရှိပြီး သင့်စီးပွားရေးလုပ်ငန်းအတွက် အဆင်သင့်အသုံးပြုနိုင်သော ဝန်ဆောင်မှုအစုံပါရှိသည့် ရုံးခန်းများကို ငှားရမ်းနိုင်ပါသည်။

မြန်နှုန်းမြင့် အင်တာနက် ကွန်ယက်အတွက် GTMH မှ မေတ္တာဖြင့် ပံ့ပိုးကူညီပေးထားပါသည်။

ကျွန်ုပ်တို့ထံတွင် ရုံးခန်းငှားရမ်းခြင်းဖြင့်

•           သင်၏စီးပွားရေးလုပ်ငန်းစဉ်များနှင့် လိုအပ်သော အဆက်အသွယ်များကို မန္တလေးတွင် ရယူနိုင်ရန် ကျွန်ုပ်တို့ဝန်ထမ်းမှ သင့်ကို တိုက်ရိုက် အကူအညီပေးနိုင်ခြင်း။

•           သင်၏စီးပွားရေးကိုကုန်ကျစရိတ်သက်သာစွာဖြင့် မန္တလေးတွင်စတင်နိုင်ခြင်း။

•           ကျွန်ုပ်တို့နှင့်တိုက်ရိုက်ဆက်သွယ်နိုင်သည့် သင်၏ ဒေသဆိုင်ရာဌာနခွဲကို အဖွဲ့ငယ်တစ်ခုအဖြစ် စတင်နိုင်ခြင်း။

•           မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးသားကုမ္ပဏီတခုအဖြစ် မစတင်မီ Local Presentative (သို့မဟုတ်) VIE ငှားရမ်းနိုင်ခြင်း။

•           သင့်ကုမ္ပဏီ၏ ဖောက်သည်များ၊ မိတ်ဖက်များနှင့် တွေ့ဆုံနိုင်ရန် (သို့မဟုတ်) ပွဲများ၊ Training များ စီစဉ်နိုင်ရန် ကျွန်ုပ်တို့၏ ခန်းမကျယ်ကို ငှားရမ်းနိုင်ခြင်း။

ကျွန်ုပ်တို့ကို ရွေးချယ်သင့်သော အားသာချက် ၈ ချက်

•           အချက်အချာကျသော မန္တလေး မြို့လယ်ခေါင်တွင်တည်ရှိခြင်း။

•           သင့်ကုမ္ပဏီ၏ ပုံရိပ်ကောင်းကို မြှင့်တင်ပေးနိုင်သော ခန့်ညားသော ရုံးလိပ်စာ။

•           ပြင်သစ်နှင့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၂၀ ကျော်ကိုစုစည်းထားသော HUB France Myanmar နှင့်ချိတ်ဆက်ခွင့်။

•           သင့်ရုံးလုပ်ငန်းကို ချက်ချင်းစတင်နိုင်သော ပြင်ဆင်စရာမလိုသည် အဆင်သင့်သုံး ရုံးခန်းများ။

•           အငှားစာချုပ် ၃ လမှ စတင်ကာ ချုပ်ဆိုနိုင်သဖြင့် ရုံးခန်းနေရာ အတွက် ငွေရင်းအများကြီး စိုက်ရန် မလိုအပ်ခြင်း။

•           ပေးရသော ငွေတန်ဖိုးထက်သာလွန်သော ဝန်ဆောင်မှု (Wifi, မီတာခ၊ 24/7 အသုံးပြုနိုင်ခွင့်, အစည်းအဝေးခန်းမများ...).

•           ပွဲများကျင်းပရန်အတွက် လိုအပ်သော ရင်းမြစ်များကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်း။

•           ကျွန်ုပ်တို့၏ အသင်းဝင်များ၊ အဆက်အသွယ်များ၊ ပွဲများနှင့် စီးပွားရေးဝန်ဆောင်မှု အထောက်အကူပြုဝန်ဆောင်မှုများအတွက် တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း။

နှုန်းထားများ*

•           တဦးချင်း အသုံးပြုနိုင်သော hot-desk (open space) – အသင်းဝင်များအတွက် တလလျှင် 200 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 250 USD

•           ၂ယောက်ခန်းရုံးခန်း – အသင်းဝင်များအတွက် တလလျှင် 400 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 500 USD

•           ၄ယောက်ခန်းရုံးခန်း – အသင်းဝင်များအတွက် တလလျှင် 900 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 1150 USD

•           မြေညီထပ် တထပ်လုံးရှိ အရောင်းခန်းမကျယ် – အသင်းဝင်များအတွက် တလလျှင် 1300 USD • အသင်းဝင်မဟုတ်သူများအတွက် တလလျှင် 1600 USD

•           တဦးချင်း အသုံးပြုနိုင်သော hot-desk အတွက် နေ့စဉ်ငှားရမ်းခ - တရက်လျှင် 12 USD (နေ့စဉ်ပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။)

ရုံးခန်းများနှင့် အစည်းအဝေးခန်းမများ ငှားရမ်းခြင်းအတွက် နေ့စဉ်နှင့် အပတ်စဉ် ငှားရမ်းခ သတ်မှတ်နှုန်းထားများလည်းရှိပါသည်။

ကျွန်ုပ်တို့၏အသင်းဝင်များ မန္တလေးသို့ လာရောက်သော အခါတွင်လည်း ရုံးခန်းများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးပါသည်။

သင့်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်ကျစရိတ်ကို သိရှိရန် ကျွန်ုပ်တို့ထံသို့ ယခုပဲ ဆက်သွယ်လိုက်ပါ။

ဆက်သွယ်ရန်

Ms. May Thwe Khin
Business Support Executive - Mandalay
 
*Excluding 5% Commercial Tax