PROPOSE AN EVENT

သင်သည်ကျွန်ုပ်တို့၏ အသင်းဝင် ဖြစ်စေ၊ အသင်းဝင်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းမှ ဖြစ်စေ သင့်ကုမ္ပဏီအကြောင်းမျှဝေလိုခြင်း (သို့မဟုတ်) သင်၏ဝန်ဆောင်မှုများကို အများပြည်သူ သိရှိစေရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီး ပွဲစီစဉ်လိုပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။

အခြေခံ ပွဲစီစဉ်ခြင်း ပက်ကေ့ချ် (အသင်းဝင်မဟုတ်သူများအတွက် 300 USD)

  • (စားပွဲပါလျှင်) အယောက်၂၀၊ (စားပွဲမပါလျှင်) အယောက် ၄၀ ဆန့်သော Conference Room တွင် ၃ နာရီပွဲကျင်းပခြင်း။
  • မနက်ပိုင်းတွင် ပေါ့ပေါ့ပါးပါး ပြင်သစ်မနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း (သို့မဟုတ်)  ညနေခင်းတွင် ကော့တေးဖြင့် ဧည့်ခံခြင်း (အဖျော်ယမကာအတွက် ထပ်ဆောင်းပေးရမည် ဖြစ်ပါသည်။)
  • ပွဲဝင်ပေါက်တွင် အမည်စာရင်းပေးသွင်းရန်အတွက် CCI France Myanmar မှ ဝန်ထမ်းတယောက် ထားပေးမည် ဖြစ်ပါသည်။
  • လက်ပ်တော့ပ်တလုံး၊ ဗီဒီယို ပရိုဂျက်တာ တခုနှင့် စကရင် တခုထားရှိပေးပါမည်။
  • မနက်စာ (သို့မဟုတ်) ကော့တေးလ်ချိန်အတွက် ဧည့်ခံရန် ဝန်ဆောင်မည့်သူထားရှိပေးပါမည်။

 

သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော ပွဲများကိုလည်း စီစဉ်ပေးနိုင်ပါသဖြင့် အောက်ပါဖောင်ကို ဖြည့်ပြီး ကျွန်ုပ်တို့နှင့် အသေးစိတ်ဆွေးနွေးရန် ဆက်သွယ်လိုက်ပါ။

(.eps, .ai, .jpg, .gif or .png)
Files must be less than 10 MB.
Allowed file types: gif jpg jpeg png eps ai.
(.eps, .ai, .jpg, .gif or .png)
Files must be less than 2 MB.
Allowed file types: gif jpg jpeg png ai eps.

စည်းမျဉ်းများနဲ့ သတ်မှတ်ချက်များ

ဤဖောင်ကို ဖြည့်ခြင်းဖြင့် ကျွန်ုပ်သည် ပြင်သစ်-မြန်မာကုန်သည်ကြီးများ အသင်း ၏ ပွဲအစီအစဉ်တွင် ကျွန်ုပ်အဆိုပြုသောပွဲကို ပါဝင်လိုစေခြင်းဖြစ်ကြောင်း အတည်ပြုပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် ဤကဲ့သို့လုပ်ကိုင်နိုင်ရန်အတွက် အခွင့်တာဝန်အပ်နှင်းခံထားရသူဖြစ်ကြောင်းလည်း ထပ်မံအတည်ပြုပါသည်။

ဟောပြောသူများအတွက် အခကြေးငွေများကို ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်း မှပေးရန်မလိုကြောင်းနှင့် ဤပွဲသည် တက်ရောက်သူများအတွက် အခမဲ့ ဖြစ်ကြောင်း ကျွန်ုပ်နားလည်သိရှိပါသည်။ အပြန်အလှန်အဖြစ် ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်းကို ၎င်းတို့၏ စီးပွားရေးစင်တာတွင် ကျင်းပပေးမည်ဖြစ်သော ဤပွဲအတွက် ဝန်ဆောင်ခအဖြစ် ဒေါ်လာ ၃၀၀ ကောက်ခံသည်ကိုလည်း ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။

ဤဖောင်ကို ဖြည့်စွက်ခြင်းဖြင့် ကျွန်ုပ်၏ ပွဲအဆိုပြုလွှာကို ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်းမှ အတည်ပြုပေးမည် ဖြစ်ပြီး အတည်ပြုကြောင်းကို ကျွန်ုပ်ဖြည့်စွက် ထားသော အီးမေးထံသို့ အကြောင်းကြားပေးမည် ဖြစ်ကြောင်းကို ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။

ပွဲကိုအတည်ပြုပြီးပါက ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်း ၏အမည်ဖြင့် ဤပွဲကို လူအများသိစေရန် ကြေငြာပေးမည် ဖြစ်ပါသည်။ ပွဲလက်မှတ်သည် အခကြေးငွေဖြင့် ရောင်းချမည် ဆိုပါက ရောင်းချမည့်နှုန်းသည် ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်း ၏တစ် ဦးတည်းဆုံးဖြတ်ချက် ဖြစ်ကြောင်းကို ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။ ပွဲတွင် အမြတ်ရရှိခဲ့ပါကလည်းထိုအမြတ်ကို ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်းမှ ပိုင်ဆိုင်ကြောင်းကိုလည်း ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။

နောက်ဆုံးအနေဖြင့်ကျွန်ုပ်၏အဆိုပြုချက်ကိုလက်ခံကြောင်းအီးမေးလ်ဖြင့်အတည်ပြုချက်သည်အခမ်းအနားကိုမိမိတို့၏ဆုံးဖြတ်ချက်ဖြင့်ဖျက်သိမ်းပိုင်ခွင့်ရှိသည့် ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်း နှင့်မသက်ဆိုင်ကြောင်းကို ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။ ပွဲကိုအကောင်အထည်ဖော်ရန်နှင့် ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်းတွင်သက်ဆိုင်သည့်တစ်ခုတည်းသောခိုင်လုံသောစည်းကမ်းချက်များသည်တရားဝင်စာချုပ်တွင်သတ်မှတ်ထားသောပွဲမစတင်မီလက်မှတ်ထိုးရန်လိုအပ်ကြောင်းကို ကျွန်ုပ်နားလည်သိရှိလက်ခံပါသည်။

CAPTCHA
This question is for testing whether or not you are a human visitor and to prevent automated spam submissions.