TotalEnergies EP Myanmar

TotalEnergies EP Myanmar

TotalEnergies SE

Tour Coupole - 2 place Jean Millier

92078 Paris la Défense cedex, France

တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာ 

အမှတ်- ၅၊ မြတ်စွယ်တော်ရေကန်လမ်း၊ ပန်းပင်ကုန်း (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

Sector
Oil & Gas,Energy
Presentation

တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး (၁၉၉၂) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။

တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် ကမ်းလွန်လုပ်ကွက် အမှတ် M5 နှင့် M6 အတွင်းရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း၏  အကောင်အထည်ဖော် ဆောင်ရွက်သူဖြစ်ပြီး အစုရှယ်ယာ (၃၁.၂) ရာခိုင်နှုန်း ပါဝင်ကာ ကျန်အစုရှယ်ယာဝင်များဖြစ်သော ရှယ်ဗရွန် (Chevron)၊ ပီတီတီအီးပီ (PTTEP)၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ရတနာအကျိုးတူလုပ်ငန်းသည် ကမ်းလွန်ရတနာ သဘာဝ ဓာတ်ငွေ့မြေမှ ဓာတ်ငွေ့ထုတ်လုပ်မှုကို (၁၉၉၈) ခုနှစ်တွင် စတင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၅၀) ရာခိုင်နှုန်း ကျော်အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို ပို့ဆောင်ဖြည့်တင်းပေးနေသည့်အပြင် နေ့စဉ် ကုဗပေသန်းပေါင်း (၅၅၀) ဝန်းကျင် (ထိုင်းနိုင်ငံဓာတ်ငွေ့ သုံးစွဲမှု၏ (၁၂) ရာခိုင်နှုန်းခန့်) ကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။

တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် ရေနက်ကမ်းလွန်လုပ်ကွက် A-6 တွင် အစုရှယ်ယာ (၄၀) ရာခိုင်နှုန်း ပါဝင်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူလည်း ဖြစ်ပါသည်။ လက်ရှိတွင် တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် ကျန်အစုရှယ်ယာဝင်များဖြစ်သော ဝု(ဒ်)ဆိုက် (Woodside) နှင့် အမ်ပီအာအယ် (MPRL) တို့နှင့်အတူ လုပ်ငန်းအကောင်အထည်ဖော်ဆောင်နိုင်ရန် စူးစမ်းလေ့လာမှုများ ပြုလုပ်နေပြီး တစ်ပြိုင်တည်းမှာပင် A-6 လုပ်ကွက် ဓာတ်ငွေ့တွေ့ရှိမှုအတွက် လိုအပ်သည့် စီးပွားရေးသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန်ပါ ကြိုးပမ်းလျက်ရှိသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်းအပြင် တိုတယ်အန်နာဂျီ(စ်)သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့ရည်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း LNG to Power စီမံကိန်းတစ်ခု အကောင်အထည် ပေါ်လာစေရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးကဏ္ဍများ ဖော်ဆောင်နိုင်ရန် အခွင့်အလမ်းများကိုပါ လေ့လာ ဆန်းစစ်လျက်ရှိသည်။

တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်သိမှုကို ၎င်း၏လုပ်ငန်းဆောင်တာများတွင် အဓိကမူဝါဒ တစ်ရပ်အဖြစ် ထည့်သွင်းထားသည်။ ၎င်းသည် စီမံကိန်းနှင့် ဆက်စပ်ပတ်သက်နေသူများ အားလုံးအတွက် ကိုယ်ကျင့်သိက္ခာများ (Ethics) နှင့် စည်းမျဉ်းစည်းကမ်းများ လေးစားလိုက်နာခြင်း  (Compliance)၊ ကျန်းမာ‌ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ (HSE)၊ ကျင့်ဝတ်စည်းမျဉ်းများ (Code of Conduct) နှင့် မိမိဆန္ဒအလျောက် လိုက်နာကျင့်သုံးသည့် လူ့အခွင့်အရေးကို ရှေးရှုသော လုံခြုံရေးဆိုင်ရာ လုပ်ငန်းခွင် မူဝါဒများ (VPSHR) ကို ပြဌာန်းထားသည်။ ယင်းအပြင် တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ မူဝါဒသည် မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံးသော မူဝါဒများထဲမှတစ်ခုဖြစ်သည်။ တိုတယ်အန်နာဂျီ(စ်)အီးပီမြန်မာသည် မြန်မာနိုင်ငံနှင့် ဒေသခံ ပြည်သူများအပေါ်ထားရှိသည့် ကတိကဝတ်များ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ကျန်းမာရေး ကောင်းမွန်စေရန်၊ ပညာရေး လက်လှမ်းမီစေရန်နှင့် အသက်မွေးဝမ်းကျောင်းစွမ်းရည်များ တိုးတက်စေရန်၊ စွမ်းအင်ရရှိ သုံးစွဲနိုင်ရန်၊ အသေးစားချေးငွေများ ထုတ်ပေးခြင်းဖြင့် စီးပွားရေး တိုးတက်မှုကို အားပေးရန် အစရှိသည့် အကြီးစား လူမှုစီးပွား အထောက်အကူပြု အစီ အစဉ်များကို ပိုက်လိုင်းစီမံကိန်းဒေသအတွင်း (၁၉၉၅) ခုနှစ်မှ စတင်ဖော်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်များသည် ကျေးရွာ (၃၃) ရွာရှိ လူဦးရေ (၄၅,၀၀၀) ဝန်းကျင်ကို လွှမ်းခြုံအကျိုးပြုလျက်ရှိသည်။ ဤခုနှစ်များအတွင်း အဆိုပါ အစီအစဉ်များသည် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်သိမှုဆိုင်ရာ ကမ္ဘာ့အဆင့်မီ ရည်ညွှန်းကိုးကားဖွယ် ဖြစ်လာရုံမျှမက မြန်မာနိုင်ငံ၏ အဖိုးတန် ပိုင်ဆိုင်မှု အဖြစ်ပါ သတ်မှတ်ခံထားရပါသည်။  တိုတယ်အန်နာဂျီ(စ်) အီးပီမြန်မာသည် လူမှုရေးတာဝန်သိမှု ဆိုင်ရာလုပ်ငန်းများကို အခြားပြည်တွင်းဒေသ အနှံ့အပြားတွင်လည်း ဆောင်ရွက်နေသည့်အပြင် တာဝန်သိစီးပွားရေး လုပ်ငန်း အလေ့အထများ ပိုမိုထွန်းကားလာစေရန်လည်း တက်ကြွစွာ အားပေးကျင့်သုံးလျက်ရှိပါသည်။

Key facts & figures

•    စတင်တည်ထောင်သည့်ရက်စွဲ: ဇူလိုင် (၁၉၉၂)
•    ဝန်ထမ်းဦးရေ:  (၃၀၉) ဦး - တိုက်ရိုက်ခန့် စာချုပ် ဝန်ထမ်းများ အပါအဝင်
•    မြန်မာဝန်ထမ်းရာနှုန်း: ၈၉%

Location