Acteus Group

Acteus Group

No. (16-1). Airport Avenue (1) Street, Sawbwargyigone Yard, Insein Township, 11011, Yangon, Myanmar

+959950219633
Sector
SUPPLY CHAIN / PROCUREMENT
Presentation

Acteus သည် ကုန်ကြမ်းဝယ်ယူမှု (Procurement) နှင့် ကုန်ကြမ်းမှ ကုန်ချောသို့ ထုတ်လုပ်သောလုပ်ငန်းစဉ်တွင် ကုန်စီးဆင်းမှု စီမံခန့်ခွဲရေး (Supply Chain Management) တို့အတွက် လိုအပ်သော ဆန်းသစ်သည့် ဖြေရှင်းရန် နည်းလမ်းများကို ကုမ္ပဏီများသို့ ပံ့ပိုးရာတွင် အောင်မြင်သော ဈေးကွက်ဦးဆောင်သူ ဖြစ်ပါသည်။
ကျွန်ုပ်တို့အဖွဲ့သည် စက်မှုလုပ်ငန်းကဏ္ဍများဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လေကြောင်း၊ လောင်စာဆီ၊ လောင်စာသိုလှောင်ရုံ၊ ဆိပ်ကမ်းများ၊ အရောင်းမြန်သော လူသုံးကုန်ပစ္စည်းများ (FMCG)၊ သတ္တုတွင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် နှစ်ပေါင်း ၅၀ ကျော် အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်အာရှပစိဖိတ်ဆိုင်ရာဒေသများ၏ လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်သည့် အပြင် ကမ္ဘာတဝှမ်းတွင် ကျွန်ုပ်တို့၏ ကုမ္ပဏီခွဲများတည်ရှိနေခြင်းက (ဝေးလံခေါင်သီသောနေရာများအပါအဝင်) စီးပွားရေးလုပ်ကိုင်နေသောဒေသဆိုင်ရာများတွင်  နိုင်ငံတကာနှင့်တပြေးညီ စံမီသော အဆင့်မြင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့၏ဖောက်သည်များ (clients) ၊ပေးသွင်းသူများ (suppliers)များ၊ လုပ်ငန်းမိတ်ဖက်များ နှင့် ကာလရှည် လက်တွဲပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကလည်း ကမ္ဘာအဝှမ်းတွင် ကျွန်ုပ်တို့ကုမ္ပဏီ၏ အောင်မြင်မှုနှင့်ယုံကြည်စိတ်ချရမှုကို တဖက်တလှမ်းမှ သက်သေထူနိုင်ပါသည်။
Acteus သည် ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ရိုးသားမှု၊ တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်လေးစားမှုနှင့်တရားမျှတမှုအပေါ်အခြေခံသော ခိုင်မာသည့်ကျင့်ဝတ်များကိုထိန်းသိမ်းထားသော လုပ်ငန်းလည်း ဖြစ်ပါသည်။
ကျန်းမာရေး၊လုံခြုံရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲသောစီမံခန့်ခွဲမှုများသည် ကျွန်ုပ်တို့၏စီးပွားရေးအတွက်အဓိကကျသောအချက်များဖြစ်ပြီး အဆိုပါကျွန်ုပ်တို့တန်ဖိုးထားမှုများနှင့်ကိုက်ညီသည့် ပေးသွင်းသူ (Suppliers) များနှင့်လုပ်ငန်းမိတ်ဖက်များနှင့်သာ လက်တွဲလုပ်ကိုင်သောကြောင့် ကျွန်ုပ်တို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းက လူကြီးမင်း၏ စီးပွားရေးဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။

Name Type Size Download
acteus_brochure_-_low_definition.pdf pdf 844.59 KB
Location